top of page
ThitsaWorks

MMFA and ThitsaWorks Partner to Strengthen Microfinance Sector with the Money Management Academy

26 June 2023


The microfinance sector in Myanmar has encountered unparalleled difficulties due to the COVID-19 pandemic and the subsequent economic instability. Movement restrictions and limited financial access have hindered the ability of microfinance institutions (MFIs) to effectively serve their vulnerable clients. To overcome these obstacles, MFIs need support in adopting innovative financial technologies, promoting digital financial literacy, and implementing comprehensive capacity-building initiatives. These measures are essential to enhance the resilience and operational efficiency of MFIs, enabling them to navigate through the current crisis successfully.



Recognizing the increasing importance of skills enhancement and capacity development in the evolving financial landscape, MMFA and ThitsaWorks are committed to advancing the microfinance industry by utilizing advanced technology. This partnership will center around the development and implementation of online training courses and programs that will be available on the Money Management Academy Platform.


ThitsaWorks, with the support of the German Sparkassenstiftung for International Cooperation (DSIK), developed the Money Management Academy (MMA) online learning platform in 2022. Aligned with their shared mission of empowering financial inclusion, MMA provides comprehensive training to professionals, entrepreneurs, and individuals interested in the financial sector, regardless of their prior expertise. The platform offers a wide range of courses, including professional certificate programs and general knowledge courses in microfinance, banking, investment, and insurance. As an education hub, MMA equips both the supply and demand side of the sector with valuable skills and knowledge, effectively bridging the knowledge gap in the financial industry.



U Phyo Zeyar Htun, CEO of MMFA, expressed, “We are pleased to embark on this fruitful project together with ThitsaWorks, with the aim of benefiting the microfinance industry by upskilling the capacity of MFI employees and enhancing the behaviors of borrowers. As part of our digital transformation, MMFA will further develop and provide financial-related courses for the sector through the Money Management Academy Online Learning platform.”


U Nyi Nyein Aye, CEO of ThitsaWorks, stated, "Our partnership with MMFA allows us to provide accessible financial knowledge and expertise through our MMA online learning platform. With this digital format, individuals can access the platform anytime and anywhere, ensuring widespread accessibility. We strongly believe that empowering professionals in the microfinance sector will play a crucial role in promoting financial inclusion throughout Myanmar."


Antje Kinder, Senior Financial Expert at DSIK, explained “A newsletter from the MMFA was the impetus for DSIK and ThitsaWorks to collaborate on the MMA. For this reason, we are very excited about the Memorandum of Understanding between MMFA and ThitsaWorks on the Money Management Academy. The MMA provides great leverage for financial education for financial professionals, as well as for anyone interested in improving their money management knowledge and skills.”


By signing this Memorandum of Understanding (MOU), MMFA and ThitsaWorks reconfirm their joint dedication to fostering positive transformation and facilitating sustainable development in Myanmar's microfinance sector.



*****



About MMFA:


The Myanmar Microfinance Association (MMFA) is the national association gathering microfinance practitioners and other relevant stakeholders working to improve access to appropriate and affordable financial services for the poor and unbanked people in Myanmar. MMFA aims to promote transparency, sustainability, and quality of microfinance services by offering training opportunities and other relevant services to its members. MMFA contributes to enhancing sector coordination by providing a platform to share information and best practices and acts as the representative of microfinance practitioners before donors and investors as well as regulators and supervisors contributing to a conducive legal and regulatory environment.


For more information, visit https://www.myanmarmfa.com/en.


About ThitsaWorks:


ThitsaWorks is a FinTech company specializing in digital payment and data analytics solutions. Their cutting-edge offerings enable financial institutions to efficiently transact, collect, manage, and analyze data necessary for running effective operations and mitigating risks. ThitsaWorks leverages data-driven solutions to support the growth of financial institutions, enhance credit decision-making processes, and promote financial inclusion by providing users with access to financial literacy, information, and suitable financial products. Their comprehensive suite of solutions encompasses core banking software, a microfinance data-sharing platform, a digital financial literacy platform, and an interoperable payment switch platform.


For more information about ThitsaWorks, visit https://www.thitsaworks.com.


For more information about Money Management Academy, visit


About DSIK:


The German Sparkassenstiftung for International Cooperation (DSIK) is the German development policy institution of the Sparkassen-Finanzgruppe. DSIK actively supports financial institutions that sustainably promote economic and social development through needs-based banking, with the aim of giving people in developing and emerging countries access to financial services and thus creating perspectives for a way out of poverty.


For more information about DSIK, visit https://www.sparkassenstiftung.de/en/



*****

[မြန်မာဘာသာပြန်ဆိုချက်]



မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းနှင့် ThitsaWorks တို့ကြား အွန်လိုင်း လေ့လာသင်ယူမှုပလက်ဖောင်း (Money Management Academy – MMA) ကိုအသုံးပြု၍ အသေးစားငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း



အသေးစားငွေရေးကြေးရေးဆိုင်ရာကျွမ်းကျင်သူများနှင့် သက်ဆိုင်သူများအားလုံး ငွေကြေးကဏ္ဍတွင် ပိုမိုပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသော မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း (Myanmar Microfinance Association-MMFA) နှင့် ငွေကြေးဝန်ဆောင်မှုများကို လက်လှမ်းမမီသည့် အသိုက်အဝန်းများအတွက် သင့်လျော်ကောင်းမွန်သည့် ငွေကြေးဝန်ဆောင်မှု နည်းပညာများကို ထောက်ပံ့ပေးလျက်ရှိသည့် ThitsaWorks ကုမ္ပဏီတို့အကြား နားလည်မှုစာချွန်လွှာရေးထိုးကာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံရှိ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ (Microfinance Institutions-MFIs) ကို ပိုမိုအားကောင်းစွာ လည်ပတ်နိုင်ရေးအတွက် သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်အစီအစဉ်များနှင့် ကဏ္ဍအတွင်း ဒစ်ဂျစ်တယ်နည်းဖြင့် သင်ယူမှုအလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးရန် ရည်ရွယ်ပါသည်။


မြန်မာနိုင်ငံ၏ အသေးစားငွေရေးကြေးရေးကဏ္ဍသည် COVID-19 ကပ်ရောဂါနှင့် နောက်ဆက်တွဲ စီးပွားရေးမတည်ငြိမ်မှုများကြောင့် အခက်အခဲများစွာ ကြုံတွေ့လျက်ရှိပါသည်။ သွားရေးလာရေး အခက်အခဲများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်များသည် အသေးစားငွေကြေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ချေးငွေရယူသူများကို ထိရောက်သော ဝန်ဆောင်မှုများပေးရန် အဟန့်အတားဖြစ်စေပါသည်။ အဆိုပါ အခက်အခဲများကို ကျော်လွှားရန်အတွက် MFIs များသည် ခေတ်မီငွေကြေးဆိုင်ရာနည်းပညာများကို လက်ခံကျင့်သုံးခြင်း၊ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အသိပညာများ မြှင့်တင်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များလုပ်ဆောင်ခြင်းတို့ ပြုလုပ်ရန် လိုအပ်လာပါသည်။ သို့မှသာ MFIs များအနေဖြင့် လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို ကျော်လွှားနိုင်ပြီး လုပ်ငန်းလည်ပတ်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။


သို့ဖြစ်ပါ၍ ပြောင်းလဲလာသော ဘဏ္ဍာရေးအခင်းအကျင်းတွင် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါမှုကို ကောင်းစွာသိရှိနားလည်ကာ MMFA နှင့် ThitsaWorks တို့သည် ခေတ်မီနည်းပညာကို အသုံးပြု၍ အသေးစားငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတူတကွ ကြိုးပမ်းဆောင်ရွက်သွားရန် ကတိကဝတ် ပြုခဲ့ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှု၏ တစိတ်တပိုင်းအနေဖြင့် ငွေကြေးဆိုင်ရာ အသိပညာများဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် အွန်လိုင်းသင်ခန်းစာများ ပြုစုပြီး ယင်းတို့အား အွန်လိုင်း လေ့လာသင်ယူမှု ပလက်ဖောင်း Money Management Academy (MMA) Platform မှတဆင့် ပို့ချသွားနိုင်ရေး အဓိက‌ ဆောင်ရွက်သွားပါမည်။


ThitsaWorks သည် ဂျာမန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ German Sparkassenstiftund (DSIK) ၏ ပံ့ပိုးမှုဖြင့် Money Management Academy (MMA) အွန်လိုင်းသင်ကြားရေး ပလက်ဖောင်း ကို ၂၀၂၂ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့ပါသည်။ MMA ပလက်ဖောင်းတွင် ငွေကြေးကဏ္ဍတွင် အလုပ်လုပ်ကိုင်လျက်ရှိသူများနှင့် စွန့်ဦးတီထွင်သူများအပြင် ငွေရေးကြေးရေးနှင့် ပတ်သက်၍ စိတ်ဝင်စားသူတိုင်းအတွက် ပရော်ဖက်ရှင်နယ် အသိအမှတ်ပြု လက်မှတ်သင်တန်းများနှင့် အသေးစားငွေရေးကြေးရေး၊ ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အာမခံဆိုင်ရာ အထွေထွေဗဟုသုတများ အစရှိသည့် သင်တန်းများကို လေ့လာသင်ယူနိုင်ပါသည်။ MMA သည် ငွေကြေးကဏ္ဍတွင် ပါဝင်သူများအားလုံးအတွက် အသိပညာများနှင့် ကျွမ်းကျင်မှုများ ဖြည့်ဆည်းပေးကာ နည်းပညာဗဟုသုတကွာဟချက်များ လျော့နည်းရေးအတွက် ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးပါသည်။


ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ MMFA ၏ CEO ဖြစ်သူ ဦးဖြိုးဇေယျာထွန်းက “MFI ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် ငွေချေးသူများ၏ ဗဟုသုတများကို မြှင့်တင်ခြင်းဖြင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းများကို အကျိုးဖြစ်ထွန်းစေရန် ThitsaWorks နှင့် ပူးပေါင်း၍ ယခု ပရောဂျက်ကို စတင်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိပါသည်။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း ကြိုးပမ်းမှု၏ တစိတ်တပိုင်းအနေဖြင့် MMFA သည် Money Management Academy Online Learning Platform မှတဆင့် ဘဏ္ဍာရေးဆိုင်ရာသင်တန်းများကို ဆက်လက်ပြုစုပို့ချသွားပါမည်။”


ThitsaWorks ၏ CEO ဖြစ်သူ ဦးညီငြိမ်းအေးက “MMFA နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကျွန်ုပ်တို့၏ MMA အွန်လိုင်းသင်ယူမှုပလက်ဖောင်းမှတဆင့် အားလုံးကို လက်လှမ်းမီနိုင်သော ငွေကြေးဆိုင်ရာအသိပညာဗဟုသုတများ ပိုမိုထိရောက်စွာ ဖြန့်ဝေပေးနိုင်စေသည့်အတွက် ဝမ်းမြောက်မိပါသည်။ MMA တွင် လေ့လာသူများအနေဖြင့် ဒစ်ဂျစ်တယ်ပုံစံဖြင့် ဖန်တီးထားသော သင်ခန်းစာများကို အချိန်မရွေး နေရာမရွေး ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခွင့် ရရှိစေမည်ဖြစ်ပါသည်။ ယခုလို အသေးစားငွေရေးကြေးရေးကဏ္ဍမှ တာဝန်ရှိသူများကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းသည် အားလုံးပါဝင်သောငွေရေးစနစ်တခု ဖြစ်ပေါ်လာရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဟု အခိုင်အမာယုံကြည်ပါသည်။”


DSIK ၏ Senior Financial Expert ဖြစ်သူ Antje Kinder က “MMFA မှ ထုတ်ဝေခဲ့သည့် သတင်းလွှာတစ်စောင်သည် DSIK နှင့် ThitsaWorks တို့ ပူးပေါင်း၍ MMA Online Learning Platform ဖြစ်ပေါ်လာရေးကြိုးပမ်းရန် တွန်းအားတစ်ခုဖြစ်ခဲ့ပါသည်။ ယခုလို MMFA နှင့် ThitsaWorks ၏ MMA တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာရေးထိုးနိုင်ခဲ့သည့် အတွက် အလွန်ဝမ်းမြောက်မိပါသည်။ MMA သည် ငွေရေးကြေးရေးကဏ္ဍတွင် လုပ်ကိုင်နေသူများ အတွက် ငွေကြေးဆိုင်ရာအသိပညာဗဟုသုတများ ပေးခြင်းအပြင် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများတိုးတက်ရေး စိတ်ဝင်စားသူတိုင်းအတွက် များစွာအကျိုးရှိစေမည့် အွန်လိုင်းလေ့လာ သင်ယူမှုပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။”


ယခုလို နားလည်မှုစာချွန်လွှာရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် MMFA နှင့် ThitsaWorks တို့သည် မြန်မာ့အသေးစာငွေရေးကြေးရေးကဏ္ဍတွင် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပေးရန် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။



*****


157 views0 comments

Comentarios


bottom of page